Upi Options
Paytm
PhonePe
Gpay
Bank Details
Bank Name:
American Bank
Branch:
Bank Branch
Branch Code:
ABC1220
Account:
Soratemplates
Account number:
1223 9238 9999
Play Store Apk
Home
Animation
Super Hero
China
Thai
Korea
Movie Series
Live Channels
Home
India
Lagaan: Once Upon a Time in India (2001)
Lagaan: Once Upon a Time in India (2001)
Rating:
Movies Tags:
India
ဒီဇာတ်ကားလေးကတော့ Aamir Khan (pk..3iIdiot မင်းသား) ပါဝင်သရုပ်ဆောင်ထားပြီး
IMDB (8.2/10) Rotten Tomatoes (95%) ထိရရှိထားတဲ့အတွက်
ဇာတ်ကားကောင်းတစ်ကားအဖြစ် လက်တို့ပြောလိုက်ချင်ပါတယ်။Lagaan ဆိုတာ မြန်မာလိုတော့ ဆက်ကြေးလို့
အဓိပ္ပါယ် သက်ရောက်ပါတယ်။(Lagaan ဇာတ်လမ်းအကျဉ်း)အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးမရသေးမီအချိန်မှာ
အင်္ဂလိပ်တွေရဲ့ လက်ဝါးအုပ်ကြီးစိုးမှုဒဏ်ကို
တောင်သူလယ်သမားတွေ အလူးအလဲခံခဲ့ရတယ်။
ချန်ပါးနေးလ် ဆိုတဲ့ရွာလေးက လယ်သမားတွေလည်းအပါအဝင်ပေါ။့ချန်ပါးနေးလ် ရွာသားတွေဟာရသမျှ စပါးထဲကတစ်ပုံကို
ဘုရင်ကိုဆက်သ ဘုရင်မှတစ်ဆင့် နယ်ချဲ့တွေဆီ အခွန်ပေးခဲ့ရတယ်။
မိုးရာသီတစ်ခုမှာတော့ ဥတုကဖောက်ပြန်လို့
မိုးကမရွာ စပါးကမသန်လို့ အခွန်ဆောင်ဖို့ စိတ်ပူခဲ့ရတယ်။အဲ့ဒီအတောအတွင်းမှာလည်းအခွန်နှစ်ဆပေးဆောင်စေရန်
ဘုရင်ရဲ့အမိန့် ကလည်း နာကြားစေခဲ့တယ်။ရွာသားတွေကလည်းမတတ်သာသည့်အဆုံး
ဘုရင့်ဆီ အသနားခံရန်သွားရောက်ခဲ့ကြလေသည်။ရွာသားတို့ ရောက်သွားချိန်သည် ကပ္ပတိန်ရာဆယ်လ် ဦးဆောင်သော
ခရစ်ကတ်အသင်းတို့ ကစားနေသည့်အချိန်နှင့် တိုက်ဆိုင်နေရာ ခေတ္တစောင့်ပေးရန်
ဘုရင့်ဆီမှ အကြောင်းကြားခဲ့သည်။ထိုအချိန်တွင် ဘဟူဘန် (Aamir Khan)
လူငယ်လေးက မခံရပ်နိုင်ကာခရစ်ကတ်ဆော့ခြင်းအား အလကားဂိမ်းသာသာဟု
မြည်တွန်ခဲ့လေသည်။ထိုစကားအား ကပ္ပတိန်ရာဆယ်လ် ကြားလေလျှင် ဘဟူဘန် အားခေါ်၍
သူ့အသင်းအား အနိုင်ကစားနိုင်ပါက အခွန်ရှောင်ခွင့် သုံးနှစ်ပေးမည်
ရှုံးလျှင်မူအခွန်အဆ သုံးဆပေးမည်ဟု စိန်ခေါ်လောင်းကြေးထပ်ခဲ့သည်။
ဘဟူဘန် ကလည်းသဘောတူ၍နောက်သုံးလပြီးလျှင် ယှဉ်ပြိုင်ရန်
ချိန်းဆိုခဲ့ကြသည်။မဖြစ်နိုင်ခြင်းကို စိန်ခေါ်တတ်သော ဘဟူဘန်/
ဘဟူဘန်ရှုံးနိမ့်မည်ဟု မှတ်တွက်ထားသော ရာဆယ်လ်တို့ကြား ကစားနည်းဟာ
ရွာသားတွေအတွက်တော့ကြီးမားတဲ့ မျှော်လင့်ချက်ကြီးပါပဲ။ဒီဇာတ်ကားလေးမှာတော့စိန်ခေါ်ခြင်းတွေရဲ့ရလဒ်တရားကရော
မည်သို့ဖြစ်လာအံ့နည်း။ဘဟူဘန် ရဲ့ကြမ္မာကရော မည်သို့နည်း။ခရစ်ကတ်ဆော့ မတတ်သောသူအား
ကံတရားက မည်သို့ မျက်နှာသာပေးအံ့မည်လော။ဘဟူဘန်အပေါ် ရွာသားတွေရဲ့ သဘောထားကရော ဘယ်လိုဘယ်ပုံရှိအံ့နည်း။ခရစ်ကတ်ကစားနည်းအတွက်ကူညီမယ့်သူရော
ပါဝင်လုပ်ဆောင်မည့်သူရော ရှိလာနိုင်မည်လော။ဘဟူဘန် ရဲ့အချစ်ရေးတစ်စိတ်တစ်ပိုင်းကရော
မည်သို့ဖြစ်လာအံ့နည်း။ဒီဇာတ်ကားလေးမှာတော့ အားကစားအတွက်ပဲကြည့်သူ ဘဟူဘန်အတွက်
ဇာတ်နိမ့် ဇာတ်မြင့် စွမ်းရည်နည်းခြင်း မနည်းခြင်း စတဲ့ အချက်တွေပေါ် လျစ်လျူခဲ့ပြီး
ကြိုးစား စည်းလုံး အောင်မြင်ကြောင်းကိုသာလမ်းပြပေးနိုင်ခဲ့သည်။မီးမာင်းထိုးပြခဲ့သည်။လူတစ်ယောက်ရဲ့အားနည်းချက်ကို အားသာချက်အဖြစ်ရှုမြင်တတ်သူ ဘဟူဘန်က
မည်သို့သော နည်းလမ်းများဖြင့်စွမ်းဆောင်နိုင်မည်ကိုလည်း ပုံဖော်ပေးခဲ့သည်။ဤဇာတ်ကားလေးမှာ
အဓိပ္ပါယ်အသွယ်သွယ်..ချစ်ခင်လေးစားဖွယ်
အသွယ်သွယ်တို့အတုယူလေ့လာစေခဲ့သည့်အတွက်
ဇာတ်ကားကောင်းတစ်ခုဟု ဆုံးဖြတ်နိုင်ခဲ့သည်။ကဲ…
သင်သာ ဘဟူဘန်ဖြစ်ခဲ့လျှင် မကစား မကျွမ်းကျင်သာအလုပ်အား
စိန်ခေါ်ဝံ့မည်လော။မည်သို့သော အစီအစဉ် များဖြင့်အောင်မြင် အောင်လုပ်ဆောင်မည်လော။ဖြေကြည့်ဖို့အတွက်တော့ Lagaan ဇာတ်ကားမှာ
အဖြေညှိ သိနိုင်ပါပြီ။
(ရုပ်ရှင်အညွှန်းကို ကိုလင်းခယံမှ ရေးသားတင်ဆက်ပါသည်။)
0 Reviews
User Online
User Online
Facebook
Popular Posts
&FlixHD
Vincenzo
Legend Of The Blue Sea ( 2016 )
Vanguard (2020)
Categories
Action
10
Animation
13
Chinese
11
India
5
Korea
7
LiveChannels
6
MovieSeries
8
SuperHero
3
Thai
12
Tags
Action
Animation
Chinese
India
Korea
LiveChannels
MovieSeries
SuperHero
Thai
ThuKuMa Movies
Name
Email
*
Message
*
0 Reviews