The Great Battle (2018)

The Great Battle (2018)

Rating:

 


၂၀၁၈ ထွက် ကိုရီးယားရာဇဝင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးဦးမယ်နော် ဇာတ်ကားနာမည်လေးက The Great Battle ပါမင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂုလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့ အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးပါဂိုဂုလျောက စစ်သူကြီးယွန်းဟာ အန်စီခံတပ်အုပ်ချုပ်ရေးမှူး ယန်မန်ချွန်ရဲ့ အမိန့်မနာခံမှုကို အပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူးအန်စီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ အုပ်ချုပ်ရေးမှူးယန်ရဲ့ ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့ပါဘူး
တိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာ အန်စီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်ရဲ့ ပါးနပ်မှု လက်ရုံးရည် နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပါဘူး၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားပါဒီ့အပြင် အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

0 Reviews

ThuKuMa Movies

Name

Email *

Message *