Alice in Earnestland (2015)

Alice in Earnestland (2015)

Rating:

 

ဒီဇာတ်လမ်းကတော့ ဂျောင်ဆူနမ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့

ဘ၀အစိတ်အပိုင်းတစ်ခုအကြောင်းလို့ ပြောလို့ရပါတယ်..

ဇာတ်လမ်းရဲ့အစမှာ အဲ့ဒီအမျိုးသမီးဟာ

အခမဲ့အကြံပေးခြင်း၀န်ဆောင်မှုပေးတဲ့ ရုံးခန်းကိုရောက်လာပြီး

အဲ့ဒီမှာပဲ သူမဘ၀အကြောင်းကို စတင်ပြောပြခဲ့ပါတယ်

စိတ်၀င်စားဖို့ကောင်းတဲ့ သူမရဲ့ဇာတ်လမ်းအစဟာ

ဆယ်ကျော်သက်အရွယ်မှာပဲ စတင်ခဲ့တယ်ဆိုပါတော့

အလယ်တန်းနောက်ဆုံးနှစ်ပြီးတဲ့အချိန်မှာ

အထက်တန်းပဲဆက်တက်ရမလား

စက်ရုံတစ်ခုမှာပဲ အလုပ်၀င်ရမလားဆိုပြီး ဒွိဟဖြစ်နေခဲ့ပါတယ်

တစ်ယောက်တည်းခက်ခဲပင်ပန်းစွာ နေလာခဲ့ရတဲ့သူမဘ၀ဟာ

သိပ်ချစ်ရတဲ့အမျိုးသားနဲ့တွေ့ဆုံပြီးနောက်မှတော့

အနည်းငယ် ပျော်ရွှင်စရာကောင်းလာခဲ့သလိုပါပဲ

အကြားအာရုံချို့တဲ့နေတဲ့အမျိုးသားကြောင့်

သူတို့နှစ်ယောက်ရဲ့အိမ်၀ယ်မယ့် ပိုက်ဆံဟာ

ခွဲစိတ်မှုအတွက် ဖြစ်လာခဲ့ပါတယ်

ကံဆိုးမှုက အဲ့ဒီမှာတင် ရပ်မနေခဲ့ပါဘူး

ခွဲစိတ်မှုပြီးတဲ့နောက်မှာပဲ အမျိုးသားဟာ

မတော်တဆမှုတစ်ခုကြောင့် လက်တစ်ဖက်ဟာ

သုံးမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတ

အလုပ်မလုပ်နိုင်တော့တဲ့ယောက်ျားဖြစ်သူကြောင့်

အိမ်အတွက် ပိုက်ဆံရှာဖို့က သူမတာ၀န် ဖြစ်လာခဲ့ပါတယ်

ပိုက်ဆံရဖို့အတွက် အလုပ်ပေါင်းစုံ မညည်းမညူဘဲ လုပ်ခဲ့တယ်.

တစ်ရက်မှာတော့ သူတို့နေတဲ့ မြေနေရာကို စီမံကိန်းအသစ်တစ်ခုနဲ့

ပြန်လည်တည်ဆောက်ဖို့ အကြောင်းဖန်လာတဲ့အခါ..

သေကြောင်းကြံပြီး ကိုမာဖြစ်သွားတဲ့ ခင်ပွန်းသည်အတွက် ပိုက်ဆံလိုနေတဲ့ သူမ..

စီမံကိန်းရဲ့ကန်ထရိုက်ကခိုင်းတဲ့ အလုပ်ကို ကြိုးစားဆောင်ရွက်ရင်း

သူမဘာတွေကြုံတွေ့လာရမလဲ

ဇာတ်ကားတစ်ကားလုံး အချိတ်အဆက် မိမိနဲ့

စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြသွားတာမို့

အားလပ်တဲ့အချိန်မှာ အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ

0 Reviews

ThuKuMa Movies

Name

Email *

Message *