Cinderella (2021)

Cinderella (2021)

Rating:

 



စင်ဒရဲလားအနေနဲ့ Camila Cabello ၊ Prince Charmingအနေနဲ့ High Strungကားထဲကမင်းသားလေး Nicholas Galitzineကအဓိကပါဝင်ထားပါတယ်။ ဒီတစ်ခေါက် Fairy godmotherကတော့ထူးထူးခြားခြားပါပဲ ၊ မင်းသား Billy Porterကသရုပ်ဆောင်ပေးထားပါတယ်။


ဇာတ်လမ်းကတော့အားလုံးသိပြီးကြတဲ့အတိုင်း မိထွေးရယ် သူ့သမီးနှစ်ယောက်ရယ်နဲ့အတူတူနေရတဲ့ အဲလာဆိုတဲ့မိန်းကလေးအကြောင်းပါ။ 


ဒီဇာတ်လမ်းထဲကစင်ဒရဲလားကတော့ အဝတ်အစားလှလှလေးတွေချုပ်ရတာဝါသနာပါတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ဖူးစာရှင်မင်းသားလေးကတော့ အပေါင်းအသင်းတွေနဲ့ပျော်ပါးနေတတ်ပြီး အိမ်ထောင်မပြုချင်သေးတဲ့သူတစ်ယောက်ပါ။


တစ်ရက်တော့ သူ့အဖေဘုရင်ကြီးရဲ့အမိန့်အရ ကပွဲကျင်းပပြီး သတို့သမီးလောင်းရွေးရမဲ့အဖြစ်ကိုရောက်တဲ့အခါ စင်ဒရဲလားနဲ့ဘယ်လိုတွေ့ပြီး ဖူးစာဆုံသွားကြမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာဆက်လက်ခံစားပေးပါ။


ဇာတ်ဝင်သီချင်းလေးတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်ထားတာမို့ ကြည့်ရတာအပျင်းပြေစေမဲ့ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်နော်။

0 Reviews

ThuKuMa Movies

Name

Email *

Message *