Closer to Heaven (2009)

Closer to Heaven (2009)

Rating:

 

မင်းသမီးဟာဂျီဝန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်

အသုဘအခမ်းအနားတွေကိုပြင်ဆင်လုပ်ကိုင်ပေးတဲ့ ဂျီဆူးဟာ အရမ်းကိုကြင်နာစိတ်ရှိတဲ့​ကောင်မ​လေးပါ

လူ​​တွေကိုလည်းအတတ်နိုင်ဆုံးကူညီ​​ပေးတတ်ပါတယ်

ဒါ​ပေမယ့် သူဟာ လူ​​သေအ​လောင်း​တွေကို အလှပြင်​ပေးရတဲ့သူမို့လို့

သူ့ရဲ့လက်ကို မင်္ဂလာမရှိတဲ့လက်ဆိုပြီး​ ပြောဆိုကြပါတယ်

ရည်းစားဟောင်းဖြစ်သူကလည်း ပြတ်ဖို့အ​ကြောင်းရှာမရ​တော့

သူ့ရဲ့လက်က​ကြောက်ဖို့​ကောင်းလို့ဆိုပြီးဖြတ်သွားခဲ့ပါတယ်

ဒီလိုသနားစရာကောင်းလှတဲ့ဘ၀မှာ နေထိုင်နေရတဲဲ့ ဂျီဆူးဘ၀ထဲကို

တစ်နေ့မှာတော့ ဂျုံးဝုဆိုတဲ့ လူတစ်​ယောက်ဝင်​ရောက်လာခဲ့ပါတယ်

ေပြာရရင် ဂျုံးဝုဟာလည်း လူ​ကောင်းတစ်​ယောက်​တော့မဟုတ်ပါဘူး

ကုသလို့မရနိုင်တဲ့ ကြွက်သားအားနည်း​ရောဂါကိုခံစား​နေရတဲ့ လူတစ်​ယောက်ပါ

ဒါ​ပေမယ့်လည်း သူဟာ သူ့ဘဝကို အရှုံးမ​ပေး​ပါဘူး

ရှေ့နေတစ်​ယောက်မဖြစ်ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူပါ

သူဟာ ဂျီဆူးကို မြင်မြင်ချင်းချစ်မိခဲ့ပြီး သူ့နားမှာ​နေ​ပေးဖို့ တောင်းဆိုခဲ့ပါတယ်

လူ​တွေကိုကြင်နာသနားတတ်တဲ့ ဂျီဆူးဟာလည်း သ​ဘောတူခဲ့ပြီး​​တော့

ဂျုံးဝုခံစားနေရတဲ့ ရောဂါကို ပျောက်ကင်းအောင်ကူညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်

Drama ဇာတ်ကားဖြစ်​နေတာနဲ့အညီ လွမ်း​ဆွေးငို​ကြွေးရတဲ့ရသတွေကို သေချာ​ပေါက်ခံစားကြည့်ရှုရမှာပါ

ရှေ့ဆက်ပြီး သူတို့နှစ်​ယောက်အခက်အခဲ​တွေကို ဘယ်လိုရင်ဆိုင်​ဖြေရှင်းကြမလဲဆိုတာ​တွေ

သူတို့နှစ်​ယောက်ကြားက ခိုင်မာတဲ့ချစ်ခြင်းတရား​တွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ်

ဇာတ်လမ်းလေးကကြည့်လိုက်ရင်ရိုးသလိုဖြစ်နေပေမယ့် ကြည့်ရှုသူကိုအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်

ဘာပဲပြောပြော ဇာတ်ကားကောင်းတစ်ကားဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူးပေါ့

Drama ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် မျက်ရည်ခိုင်ခိုင်ထားပြီမှး ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်


0 Reviews

ThuKuMa Movies

Name

Email *

Message *