Frozen (2013)

Frozen (2013)

Rating:


ခုကားလေးကတော့ ဟိုးအရင်တုန်းကထွက်ရှိထားတဲ့ကားဟောင်းလေးပါ။ ကားဟောင်းလေးဆိုပေမဲ့အထင်တော့မသေးလိုက်ပါနဲ့။ တကယ့် old but gold လေးပါ။ လူတိုင်းနီးပါးလိုလို frozen ဆိုတဲ့ ကားလေးကိုကြည့်ဖူးကြမှာပါ။ ထွေးထွေထူးထူးပြောဖို့လိုမယ်မထင်ပါဘူး။

ဒါက frozen ကိုမှ၂၀၁၃မှာထွက်ရှိထားတဲ့ပထမဆုံးဇာတ်ကားလေးပါ။ Mmsubtitles ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။

အဲလ်ဆာနဲ့ အန်နာတို့ညီအစ်မ နှစ်ယောက်ဟာ ငယ်ငယ်က တစ်ယောက်ကိုယ်တစ်ယောက်အရမ်းချစ်ကြတဲ့ညီအစ်မတွေပေါ့။ အဲလ်ဆာမှာတော့ မွေးရာပါ အေးခဲအောင်လုပ်နိုင်တဲ့ မှော်ပညာပါလာခဲ့ပါတယ်။ တနေ့တော့ဆော့ကစား အန်နာကို သူမှော်အတတ်တွေနဲ့ထိခိုက်အောင်လုပ်မိသွားတာပေါ့။ တိုင်ပြည်ရဲ့ဘုရင့်သမီးတော်တွေဖြစ်တော့ အဲလ်ဆာရဲ့ပညာတွေကိုမသိအောင်ဘုရင်ကြီးကဖုံးကွယ်ထားပါတော့တယ်။ သူထိန်းချုပ်နိုင်တဲ့အထိပေါ့။ သူအစွမ်းတွေမထိန်း ချုပ်နိုင်သရွေ့ တိုင်ပြည်ရဲ့ဂိတ်တံခါးကိုပိတ်ထားခဲ့ပါတယ် ။ သူညီမ အန်နာနဲ့တောင်တွေ့ခွင့်မရပါဘူး။

ကံဆိုးတယ်ပြောရမလား ဘုရင်ကြီးဟာပင်လယ်ခရီးမှာလှေမှောက်ဆုံးပါးသွားပါတော့တယ်။ အဲလ်ဆာတစ်ယောက်လည်း သူအစွမ်းတွေကိုဘယ်လိုထိန်ချုပ်မလဲ။ အစွမ်းတွေကတဖြည်းဖြည်းနဲ့အားကောင်းလာတာပါ။သူအစွမ်းဟာသူတို့တိုင်းပြည်တစ်ခုလုံးကိုရေခဲအတိဖုံးလွှမ်းသွား စေပါတယ်။ အဲလ်ဆာအနေနဲ့ဘယ်လိုပြုပြင်ထိန်းချုပ်မလဲ။ အန်နာနဲ့ အဲလ်ဆာတို့ ညီအစ်မရဲ့ ချစ်ခြင်းတရားကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ ကာတွန်းကားကြိုက်တဲ့သူတွေအတွက်ရှယ်ပဲမို့ down ကြည့်လိုက်ကြပါဦး။

0 Reviews

ThuKuMa Movies

Name

Email *

Message *