အိမ်ပြာတော်ကစားဖိုမှူးတွေထဲမှာ အသက်အငယ်ဆုံးလည်းဖြစ် နာမည်ကြီးလည်းဖြစ်တဲ့ စားဖိုမှူးဂျန်းဘုံဟွမ်ဟာ လက်အောက်ငယ်သား စားဖိုမှူးတစ်ယောက်ရဲ့ ဂုန်းတိုက်မှုကြောင့် ရာထူးကနေနှုတ်ထွက်လိုက်ရတဲ့အပြင် အကျင့်ပျက်ခြစားတယ် ဆိုတဲ့အမှုနဲ့ ရဲစခန်းက လာရောက်ခေါ်ဆောင်တာကို ခံရတဲ့အခါ ထွက်ပြေးဖို့ကြိုးစားပါတော့တယ် ဒီလိုထွက်ပြေးရင်းနဲ့ မတော်တဆ တိုက်ပေါ်ကနေရေကူးကန်ထဲကို ပြုတ်ကျသွားပြီး ပြန်လည်သတိရလာတဲ့အချိန်မှာတော့ သူ့ဝိဉာဉ်ဟာ ဂျိုဆွန်းခေတ်ကာလက မကြာခင်မှာမင်းကြီးနဲ့လက်ဆက်ရတော့မယ့် မိဖုရားလောင်းရဲ့ ခန္ဓာကိုယ်ထဲရောက်နေမှန်း သိသွားပါတော့တယ် ယောက်ျားလေးအဖြစ်ကနေ မိန်းကလေးခန္ဓာကိုယ်ထဲရောက်သွားရရုံတင်မက ဂျိုဆွန်းခေတ်ဆီပါရောက်သွားရတဲ့ ဂျန်းဘုံဟွမ်တစ်ယောက် သူ့နဂိုဘဝဆီပြန်လာနိုင်ပါ့မလား ဟိုဘက်ခေတ်မှာ ရှင်သန်ရပ်တည်နိုင်အောင် ဘယ်လိုနေထိုင်မလဲ ဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတဲ့ ဇာတ်မြူးလေးပါ




0 Reviews